သင်နှင့် သင့်မိသားစုဝင်များကို ကိုဗစ် နှင့် အခြားကူးစက်ရောဂါများမှ ကာကွယ်ရန် လက်ကို မကြာခဏဆေးရန် လိုအပ်ပါသည်။ ရေနှင့် ဆပ်ပြာ အသုံးပြု၍ လက်ဆေးရန် အဆင်မပြေပါက အရက်ပျံ ပါဝင်သော လက်သန့်ဆေးရည်ကို အသုံးပြု နိုင်ပါသည်။
အရက်ပျံ ပါဝင်သော လက်သန့်ဆေးရည်ကို သိမ်းဆည်းရာနှင့် အသုံးပြုရာတွင် သတိပြုရမည့် အချက်များ ရှိပါသည်။
၁။ ကလေးများလက်လှမ်းမမီရာတွင်ထားပါ၊ ကလေးများကို လူကြီး မျက်စိရှေ့တွင် လက်သန့်ဆေးရည် အသုံးပြုနည်း သင်ပေးနိုင်ပါသည်။
၂။ အကြွေစေ့ အရွယ်မှာ လက်ထဲ ထည့်သုံးရမည့် အနေတော် အနေထားဖြစ်သည်။
၃။ လက် မခြောက်သေးမီ မျက်စိ မျက်နှာ ပါးစပ်ကို မထိရပါ။
၄။ အရက်ပျံ မှာ မီးလောင်လွယ်သည်။ မီးခြစ် မီးဖို နှင့် အနီးမထားရပါ။
၅။ မျိုချမိလျှင် အန္တရာယ် ရှိသည်။
၆။ ရေနှင့် ဆပ်ပြာကလည်း လက်သန့်ရှင်းရေးအတွက် ထိရောက်ပါသည်။
#usealcoholbasedhandrubsafely
#fightthepandemic
Comments
Post a Comment