Skip to main content

လူပျိုဖော် အပျိုဖော်ဝင်ခြင်း

လူပျိုဖော် အပျိုဖော်ဝင်ခြင်းသည်
အသက် ၉နှစ်မှ ၁၆နှစ်အတွင်း လူတိုင်းဖြတ်သန်းရမည့် ကာလအပိုင်းအခြားဖြစ်ပါသည်။ ကလေးဘဝမှ လူကြီးဘဝ ပြောင်းလဲသော ထိုကာလတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကိစ္စများလျင်မြန်စွာ ဖြစ်ပေါ် လာနေပါသည်။ ဆယ်ကျော်သက် တစ်ဦးနှင့် တစ်ဦးမှာ ဖွံ့ဖြိုးမှုနှုန်းမှာ မတူညီကြပါ။
(၁) ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ
ယောကျ်ား လေးများတွင် အရေပြားပေါ်တွင် အဆီဓာတ် ပိုမိုများပြားလာခြင်း၊ ချွေးဂလင်းများ အလုပ်ပိုလုပ်ခြင်း၊ အရပ်ရှည်လာခြင်း၊ယောကျာ်း ပုံပေါ်လာခြင်း ဝက်ခြံထွက်လာခြင်း၊ အမွေးအမှင်များထွက်လာခြင်းနှင့်
အသံသြလာခြင်းတို့ဖြစ်သည်။
မိန်းကလေးများတွင် အရေပြားပေါ်တွင် အဆီဓာတ် ပိုမိုများပြားလာခြင်း၊ချွေးဂလင်းများ အလုပ်ပိုလုပ်ခြင်း၊ အရပ်ရှည်လာခြင်း၊မိန်းကလေး ပုံပေါ်လာခြင်း၊ ဝက်ခြံထွက်လာခြင်းနှင့် အမွေးအမှင်များထွက်လာခြင်း တို့ဖြစ်သည်။
(၂) စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
ကျားမကွဲပြားခြင်းကို စတင်သတိထားမိလာပြီး ဆန့်ကျင်ဘက်လိင်ကို သတိထားမိလာသည်။
တစ်ကိုယ်တော်ကာမစိတ်ဖြေမှုကို စတင်ပြုလုပ်လာနိုင်သည်။ စူးစမ်းလိုစိတ် စွန့်စားလိုစိတ်များဖြစ်ပေါ်လာနိုင်သည်။ စိတ်စေစားရာနောက်ကို လိုက်ပြီးလုပ်တတ်သည်။ စိတ်အတက်အကျ အပြောင်းအလဲ မြန်တတ်ပါသည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် အလှအပကို အခြားရွယ်တူများနှင့်နှိုင်းယှဥ်ကာ အလွန်စိတ်ဝင်စားလာသည်။
မိသားစုနှင့်နေလိုစိတ်လျော့ပါးလာပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပို၍ လိုလားလာကြသည်။ မိသားစုနှင့်စာလျင် သူငယ်ချင်းများကို ပိုမို ခင်တွယ်လာတတ်သည်။ သူငယ်ချင်းများ လုပ်သည့်အတိုင်းလိုက်လုပ်တတ်လာသည်။
မိမိခြေထောက်ပေါ်မိမိ ရပ်တည်ချင်လာသည်။ မိမိလုပ်သော လုပ်ရပ်များအပေါ် အမှားအမှန် ခွဲခြားနိုင်လာသည်။
ဘဝအတွက် ကိုယ်ပိုင်ရည်မှန်းချက် ရည်ရွယ်ချက်များ ချမှတ်တတ်လာသည်။
ကိုယ့်ကိုယ်ကို လူကြီး ဖြစ်ပြီ အထင်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့်လုပ်ဆောင်လိုစိတ်များ ရှိလာသည်။
စည်းမျဥ်းစည်းကမ်းများကို အရွဲ့တိုက်ပြီး ဆန့်ကျင်ဘက်လုပ်တတ်လာသည်။

အကဲဆတ်သော မြီးကောင်ပေါက်အရွယ် ကျန်းမာရေး ကို မိဘများ၊ ဆရာ ဆရာမများ၊ ရပ်ရွာ လူမှုအဖွဲ့အစည်းများအနေဖြင့် နားလည် သဘောပေါက်ပြီး ဆယ်ကျော်သက်လူငယ်များကို အားပေးကူညီ စောင့်ရှောက်ပေးသင့်ပါသည်။ 
ဆယ်ကျော်သက်အရွယ် လူငယ်များအနေဖြင့် အပျိုဖော် လူပျိုဖော်ဝင်ခြင်းကို ရှက်ရွံ့နေစရာ မလိုပေ။
ပုံမှန်ပြောင်းလဲမှု မဟုတ်သော အခြေအနေများတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ဆယ်ကျော်သက်အရွယ် လူငယ်များကျန်းမာရေးအသိပညာ မြင့်မားစေရန် ရည်ရွယ်ပါသည်။
#adolescenthealth
Ref: standardised health message Myanmar

Comments

Popular posts from this blog

ဆေးဝါးသုံးစွဲမှု ဘေးကင်းလုံခြုံရေး

  ဆေးဝါး ​ များမှာ   လူသားတို့ အတွက် ရောဂါများကို ကာကွယ်ရန်၊ ကုသရန်နှင့် ရောဂါရှာဖွေရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ကျန်းမာရေးအတွက် ဆေးဝါးများကိုသုံးစွဲရာတွင်  ( ၁ ) ရည်ရွယ်ရင်းအာနိသင်ထိရောက်ဖို . နှင့်    ( ၂ ) အန္တရာယ်ကင်းစေဖို့မှာ အရေးကြီးသည်။ ဆေးအတွက် ဘေးမဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ ဆေးဝါးသုံးစွဲရာတွင် အန္တရာယ်ကင်းစေရန် သတိပြုရမည့် အချိန်ငါးချိန် သတ်မှတ်ထားပါသည်။ ထိုအချိန်  ၅ ချိန်မှာ -    ( ၁ ) ဆေးဝါးစတင် ညွှန်ကြားချိန်    ( ၂ ) ဆေးဝါးစတင် သောက်သုံးချိန်    ( ၃ ) နောက်ထပ်ဆေးတစ်မျိုး ထပ်တိုးချိန်    ( ၄ ) ဆေးဝါးများ ပြန်ညှိသောအချိန်    ( ၅ ) ဆေး ရပ်နားတော့မည့်အချိန်တို့ဖြစ်ပါသည်။ ထို အချိန်များတွင် မေးခွန်း ( ၅ ) ခုစီ စုစုပေါင်း မေးခွန်း ( ၂၅ ) ခု မေးခြင်းဖြင့် လူနာ များအတွက် ဆေးဝါးများမှာ ဘေးကင်းလုံခြုံမှု ရှိမည် ဖြစ်ပါသည်။အချို . မေးခွန်းများကို လူနာကိုယ်တိုင်ဖြေနိုင်သော်လည်း အချို့မေးခွန်းများကိုမူ ကျန်းမာရေးပ...

ကျန်းမာသုတမျှဝေကြမယ်

ကျန်းမာသုတမျှဝေကြမယ် ဘလော့သည် စာဖတ်သူများ ကျန်းမာရေးနှင့်ပတ်သက်သော ယုံကြည်စိတ်ချရသည့် ဗဟုသုတများ မျှဝေပေးနိုင်ရန် ရည်ရွယ်ပါသည်