Skip to main content

သင်တစ်ယောက်တည်းနေထိုင်ရချိန် ကျန်းမာရေး ဂရုစိုက်နည်း (၁၀) နည်း

ယနေ့ခေတ်အခါတွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တည်း နေထိုင်လုပ်ကိုင်ရသူများရှိလာပါသည်
သတိထားရန်မှာ တစ်ဦးတည်း ဖြစ်၍ ကျန်းမာရေး ထိခိုက်နိုင်ချေ ပိုများပါသည်
တစ်ဦးတစ်ယောက်တည်းနေထိုင်ရသူများကျန်းမာစေရေးအတွက် သတိပြုရန် အချက် (၁၀)ချက်ကို ဒေါက်တာဇီဝကမှ မေတ္တာဖြင့် ဝေမျှလိုက်ပါသည်

(၁) နေ့စဥ် ဘဝကို အချိန်မှန်အောင် ဂရုစိုက်ပါ
အိပ်ချိန် စားချိန် ကိုယ်လက်လှုပ်ရှားချိန် တစ်ကိုယ်ရေသန့်ရှင်းချိန် အလုပ်ချိန် မျှတအောင် ဇယားဆွဲဆောင်ရွက်ပါ
(၂) အားလပ်ချိန်များကို အကျိုးရှိအောင်ဆောင်ရွက်ပါ အရက်သေစာသောက်စားခြင်း မူးယစ်ဆေးဝါးသုံးစွဲခြင်း အပျော်အပါးလိုက်စားခြင်း အလွန်အကျွံ လောင်းကစားခြင်း ရှောင်ပါ
(၃) ကျန်းမာရေးကိစ္စများအပါအဝင် အရေးပေါ် ကိစ္စရပ်များအတွက် ဆက်သွယ်ရန် တိုင်ပင်ရန် ဖုန်းနံပါတ်များ အလွယ်ရှိပါစေ လုပ်ဆောင်ရန် အစီအစဥ်ဆွဲထားပါ
(၄) ကလေးငယ်များ သက်ကြီးရွယ်အိုများ ရောဂါဝေဒနာ ရှိသူများမှာ တစ်ယောက်တည်း မနေထိုင်သင့်ပါ
(၅) ဝေဒနာ ခံစားရပါက တစ်ယောက်တည်း ကြိတ်မှိတ်မနေပဲ ဆရာဝန်နှင့်ပြသပါ ချစ်ခင်ရသူများကိုလည်း အကျိုးအကြောင်း ပြောပြပါ
(၆) အသင့်စား အလွယ်သောက် အစားအသောက်များ ရေရှည်စားသုံးမှု များပြားပါက ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း သတိပြုပါ
(၇) မိဘဆွေမျိုးများ သူငယ်ချင်းများနှင့် မကြာခဏ ဆက်သွယ် ပြောဆိုပါ အကြာကြီး အဆက်အသွယ် မပြတ်ပါစေနှင့်
(၈) နေထိုင်ကောင်းနေစေကာမူ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးပါ
(၉) လမ်းလျှောက်၍ဖြစ်စေ ယာဥ်အသုံးပြု၍ ဖြစ်စေ လမ်းအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး သတိပြုပါ
(၁၀)ရာသီဥတုနှင့် မိုးလေဝသ ပြောင်းလဲမှုများကို သတိပြုပြီး လိုက်လျောညီထွေအောင် နေထိုင် ဝတ်စားပါ
စာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေ

Comments

Popular posts from this blog

ဆေးဝါးသုံးစွဲမှု ဘေးကင်းလုံခြုံရေး

  ဆေးဝါး ​ များမှာ   လူသားတို့ အတွက် ရောဂါများကို ကာကွယ်ရန်၊ ကုသရန်နှင့် ရောဂါရှာဖွေရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ကျန်းမာရေးအတွက် ဆေးဝါးများကိုသုံးစွဲရာတွင်  ( ၁ ) ရည်ရွယ်ရင်းအာနိသင်ထိရောက်ဖို . နှင့်    ( ၂ ) အန္တရာယ်ကင်းစေဖို့မှာ အရေးကြီးသည်။ ဆေးအတွက် ဘေးမဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ ဆေးဝါးသုံးစွဲရာတွင် အန္တရာယ်ကင်းစေရန် သတိပြုရမည့် အချိန်ငါးချိန် သတ်မှတ်ထားပါသည်။ ထိုအချိန်  ၅ ချိန်မှာ -    ( ၁ ) ဆေးဝါးစတင် ညွှန်ကြားချိန်    ( ၂ ) ဆေးဝါးစတင် သောက်သုံးချိန်    ( ၃ ) နောက်ထပ်ဆေးတစ်မျိုး ထပ်တိုးချိန်    ( ၄ ) ဆေးဝါးများ ပြန်ညှိသောအချိန်    ( ၅ ) ဆေး ရပ်နားတော့မည့်အချိန်တို့ဖြစ်ပါသည်။ ထို အချိန်များတွင် မေးခွန်း ( ၅ ) ခုစီ စုစုပေါင်း မေးခွန်း ( ၂၅ ) ခု မေးခြင်းဖြင့် လူနာ များအတွက် ဆေးဝါးများမှာ ဘေးကင်းလုံခြုံမှု ရှိမည် ဖြစ်ပါသည်။အချို . မေးခွန်းများကို လူနာကိုယ်တိုင်ဖြေနိုင်သော်လည်း အချို့မေးခွန်းများကိုမူ ကျန်းမာရေးပ...

လူပျိုဖော် အပျိုဖော်ဝင်ခြင်း

လူပျိုဖော် အပျိုဖော်ဝင်ခြင်းသည် အသက် ၉နှစ်မှ ၁၆နှစ်အတွင်း လူတိုင်းဖြတ်သန်းရမည့် ကာလအပိုင်းအခြားဖြစ်ပါသည်။ ကလေးဘဝမှ လူကြီးဘဝ ပြောင်းလဲသော ထိုကာလတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကိစ္စများလျင်မြန်စွာ ဖြစ်ပေါ် လာနေပါသည်။ ဆယ်ကျော်သက် တစ်ဦးနှင့် တစ်ဦးမှာ ဖွံ့ဖြိုးမှုနှုန်းမှာ မတူညီကြပါ။ (၁) ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ယောကျ်ား လေးများတွင် အရေပြားပေါ်တွင် အဆီဓာတ် ပိုမိုများပြားလာခြင်း၊ ချွေးဂလင်းများ အလုပ်ပိုလုပ်ခြင်း၊ အရပ်ရှည်လာခြင်း၊ယောကျာ်း ပုံပေါ်လာခြင်း ဝက်ခြံထွက်လာခြင်း၊ အမွေးအမှင်များထွက်လာခြင်းနှင့် အသံသြလာခြင်းတို့ဖြစ်သည်။ မိန်းကလေးများတွင် အရေပြားပေါ်တွင် အဆီဓာတ် ပိုမိုများပြားလာခြင်း၊ချွေးဂလင်းများ အလုပ်ပိုလုပ်ခြင်း၊ အရပ်ရှည်လာခြင်း၊မိန်းကလေး ပုံပေါ်လာခြင်း၊ ဝက်ခြံထွက်လာခြင်းနှင့် အမွေးအမှင်များထွက်လာခြင်း တို့ဖြစ်သည်။ (၂) စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကျားမကွဲပြားခြင်းကို စတင်သတိထားမိလာပြီး ဆန့်ကျင်ဘက်လိင်ကို သတိထားမိလာသည်။ တစ်ကိုယ်တော်ကာမစိတ်ဖြေမှုကို စတင်ပြုလုပ်လာနိုင်သည်။ စူးစမ်းလိုစိတ် စွန့်စားလိုစိတ်များဖြစ်ပေါ်လာနိုင်သည်။ စိတ်စေစားရာနောက်ကို လိုက်ပြီး...

ကျန်းမာသုတမျှဝေကြမယ်

ကျန်းမာသုတမျှဝေကြမယ် ဘလော့သည် စာဖတ်သူများ ကျန်းမာရေးနှင့်ပတ်သက်သော ယုံကြည်စိတ်ချရသည့် ဗဟုသုတများ မျှဝေပေးနိုင်ရန် ရည်ရွယ်ပါသည်